Myanmar Blogger Helpdesk

Learning, Sharing and Growing Together at Blogging Community!

ဘလော့ဂ်ပို့စ်လေးများကို ကြိုရေးပြီး တင်ခြင်း...  

Contributor: ရန်အောင်

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ အရမ်းလွယ်ကူပေမယ့် အသုံးတည့်နိုင်တဲ့ ဘလော့ဂ်နည်းပညာလေး တစ်ခုအကြောင်း ဆွေးနွေးချင်ပါတယ်.

ကျွန်တော်တို့တွေမှာ ကိုယ်စီကိုယ်ငှ အလုပ်အကိုင်၊ မိသားစု၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် မအားလပ်နိုင်အောင် ရှိနေတတ်ကြပါတယ်. ဒါ့ကြောင့်မို့ တစ်ခါတစ်ရံ (သို့) အချိန်တော်တော်များများမှာ ကိုယ်တင်ချင်တဲ့ ပို့စ်လေးကို ကိုယ်တင်ချင်တဲ့အချိန်လေးမှာ မတင်ဖြစ်လိုက်တာတွေ ရှိကောင်းရှိမှာပါ. တစ်ခါတစ်လေကျပြန်တော့လည်း ကိုယ့်အချစ်ဆုံး မိတ်ဆွေသူငယ်ချင်း (သို့) တစ်ယောက်ယောက်အတွက် မွေးနေ့ဆုတောင်းလေးတွေ၊ အမှတ်တရစာစုလေးတွေ ကိုယ့်ဘလော့ဂ်မှာ တင်ချင်တယ်. ဒါပေမယ့် အဲဒီ့ရက်မှာ ကိုယ်က ကွန်ပြူတာနား ရှိနေနိုင်မှာ မဟုတ်ဘူး. ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်.

အဲဒီ့လို အခက်အခဲမျိုးလေးတွေကို အသစ်မွမ်းမံထွက်ရှိလာတဲ့ Blogger Draft က အောင်မြင်စွာ ဖြေရှင်းပေးလိုက်ပါပြီ။

ဘာလဲဆိုတော့ ပို့စ်လေးတွေကို ကိုယ်ရေးချင်တဲ့အချိန်မှာ ရေးထားပြီး ကိုယ်တင်စေချင်တဲ့ ရက်မှာ သူ့အလိုလို Publish လုပ်သွားနိုင်အောင် ကြိုတင်ပြီး Schedule ဆွဲလို့ရတဲ့ Function လေးတစ်ခု ပေးထားတာပဲ ဖြစ်ပါတယ်။

ဒါမျိုးလေးပေါ့ဗျာ.


အဲဒီ့အကြောင်းလေး ဆက်မသွားခင် ကျွန်တော်တို့ နောက်ပြန် ပြန်စဉ်းစားလိုက်ရအောင်။

ဆိုပါတော့. ဒီနေ့ ဒီဇင်ဘာ (၄) ရက်၊ Happy New Year ပို့စ်လေးကို ဇန်န၀ါရီလ (၁) ရက် မနက် ၁၂ နာရီတိတိမှာ တင်ချင်တယ်. အဲဒီ့အချိန်မှာ ကိုယ်က သူငယ်ချင်းတွေနဲ့ ပါတီလုပ်နေမှာ ဖြစ်လို့ ကွန်ပြူတာနား ရှိမှာမဟုတ်ဘူး. ကဲ. ကျွန်တော်တို့ ဘာလုပ်ဖို့ လိုမလဲ.

(၁) သေချာတာကတော့ ကျွန်တော်တို့ ပို့စ်အရင်ရေးရမှာပေါ့ဗျာ. မဟုတ်ဘူးလား. ဟုတ်ပြီ.. ရေးချလိုက်.

(၂) ရက်စွဲကို ပြောင်းရတော့မယ်. Schedule ဆွဲရတော့မယ်. ဘယ်မှာလုပ်ရတော့မလဲ. စဉ်းစားလိုက်ရအောင်.
ကိုယ်တင်မှာက ပို့စ်ဆိုတော့ ပို့စ်နဲ့ပတ်သက်တဲ့ Mode တစ်ခုခုမှာ အဲဒီ့ Schedule ဆွဲတဲ့ function လေး ရှိရမယ်.

ဟုတ်ပြီ. ဘယ်မှာလဲ.

(၃) တွေ့ပါပြီ။ Post Options ဆိုတာလေးကို Publish ဆိုတဲ့ ခလုတ်လေးရဲ့ အပေါ်မှာ တွေ့ရပါလိမ့်မယ်. အဲဒါလေးကို နှိပ်လိုက်ရင် ဒီလိုမြင်ရမယ်ဗျ.

အဲဒီ့ထဲမှာမှ ညာဖက်ထောင့်မှာ ရှိနေတဲ့ Post date and time နေရာလေးကိုသွား. အနောက်နိုင်ငံတွေမှာက ရက်စွဲကို လ၊ရက်၊နှစ် လို့သတ်မှတ်တယ်. အဲဒါလေးတော့ သတိထားပေါ့ဗျာ. နော်. ကဲ. ကျွန်တော်တင်မှာက ၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်နေ့ မနက် ၁၂း၀၀ နာရီ ဆိုတော့ ဒီလိုလေး ရေးလိုက်တယ်ဗျ.

1/1/2009 12:00 AM

ပြီးရင် Publish လုပ်လိုက်ရုံပါပဲ. ဒါဆိုရင် Schedule လုပ်တဲ့အပိုင်း ပြီးပါပြီ။ အဲလိုမျိုးလေး Publish လုပ်လိုက်ရင် ကိုယ့်ပို့စ်လေးဘေးမှာ Scheduled ဆိုတဲ့ Label လေး ထိုးထားပြီး သိမ်းပေးထားတာကို အောက်ပါပုံလေးထဲကအတိုင်း တွေ့ရပါလိမ့်မယ်ခင်ဗျာ.


ဒီ Hacks လေးကို ဥာဏ်ရှိသလို အသုံးချနိုင်ပါတယ်.

မှတ်ချက်။

တစ်ချို့ကကျတော့ ပို့စ်လေးကို Schedule လုပ်ထားချင်တယ်. ဒါပေမယ့် အခု ချက်ချင်းလည်းပဲ ဘလော့ဂ်မှာ တင်ချင်တယ်. ဖတ်နေချင်တယ်ဆိုတာမျိုးလေးတွေလည်း ရှိတတ်သေးတယ်ဗျ. အဲလိုဆိုရင်တော့ နည်းနည်းလေး အလုပ်ရှုပ်သွားလိမ့်မယ်. သိပ်တော့မခက်ပါဘူး. ဒါလေးတွေ လုပ်ပေးလိုက်ပါ.

(၁) ပို့စ်လေးကို ပုံမှန်ရေးပါ. ပုံမှန် ရက်စွဲအတိုင်းပဲ ထားလိုက်ပါ. ပြီးရင် Publish လုပ်လိုက်ပါ.

(၂) ပုံမှန်လုပ်ငန်းစဉ်အတိုင်း လုပ်သွားတာ ဖြစ်လို့ ဘလော့ဂ်မှာ ပုံမှန်အတိုင်းလေးပဲ ပေါ်လာပါလိမ့်မယ်.

(၃) Edit post ပြန်လုပ်ပါ. ဒီတစ်ခါကျမှ Date and Time ကို Future Date and Time သို့ ပြောင်းလဲပေးလိုက်ပါ.

(၄) Publish ပြန်လုပ်ပါ.

ရလာဒ်က ဘာဖြစ်လာမလဲဆိုတော့ လက်ရှိတင်ထားတဲ့ ပို့စ်လေးက ရှိမြဲအတိုင်း ရှိနေမှာ ဖြစ်ပြီးတော့ Schedule ဆွဲထားတဲ့ အချိန်လည်း ကျရော အဲဒီ့ရက်စွဲအတိုင်း ဟိုး ထိပ်ဆုံးမှာ Latest Post အဖြစ် ပြန်ပေါ်လာမှာ ဖြစ်ပါတယ်. ဒီတော့ အခုလည်း ဖတ်လို့ရတယ်. နောက် သူ့အချိန်အခါကျပြန်တော့လည်း ကိုယ် schedule ဆွဲထားတဲ့အတိုင်း ပေါ်လာမှာ ဖြစ်တယ်. ကဲ. မနိပ်ပေဘူးလားဗျ.

သတိ။

ဒီ Function လေးကို Blogger Draft မှာပဲ ရပါတယ်. Blogger Draft ဆိုတာ ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ New Blogger ကို မွမ်းမံရေးသားထားတာပါပဲ. သိပ်ပြီးတော့ အထွေအထူးမဟုတ်လှပေမယ့် Widgets တွေ၊ Gadgets တွေ ပိုထည့်ပေးထားတာ တွေ့ရပါလိမ့်မယ်. သုံးသင့်တယ်လို့ ကျွန်တော်ယူဆပါတယ်. စမ်းသပ်ကြည့်ကြပါခင်ဗျာ.

Blogger Draft ကို ၀င်ချင်ရင် http://draft.blogger.com ကနေ log in ၀င်ပါ. ပုံမှန်အရဆိုရင် ကျွန်တော်တို့က http://blogger.com ကနေ ၀င်နေကြတာလေ. အဲဒါပါပဲ.

ဝန်ခံချက်

ဒီနေရာကပို့စ်လေးကို အဆင်ပြေအောင် ဘာသာပြန်ဆိုရေးသားပါတယ်.


အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Blogger Buzz: Blogger now schedules future-dated posts

Read More...
AddThis Social Bookmark Button

Pagemaker, InDesign နှင့် ဇော်ဂျီ...  

Contributor: ရန်အောင်

Pagemaker မှာ ဇော်ဂျီဖောင့် သုံးလို့ ရမရ တစ်ယောက်ကမေးလာတာကြောင့် ကျွန်တော် pagemaker ကို ဒေါင်းလုပ်ချပြီး စမ်းကြည့်ပါတယ်. အဆင်မပြေပါဘူး. နောက်ဆုံး အကြံကုန်လာတာနဲ့ Alpha Mandalay က ဦးရဲမြတ်သူဆီကို အီးမေးလ်ပို့ပြီး မေးမြန်း အကူအညီတောင်းကြည့်ပါတယ်. ကျွန်တော့်အထင် ၁၅ မိနစ်လောက် အတွင်းမှာပဲ ဦးရဲမြတ်သူဆီက စာပြန်လာပါတယ်.

ကျွန်တော်တစ်ယောက်တည်းအတွက်သာမက အများအတွက်ပါ အကျိုးများစေနိုင်မယ့် သိမှတ်ဖွယ်ရာ ဗဟုသုတလေးတွေ ပါနေတာကြောင့် ဦးရဲမြတ်သူဆီက ခွင့်တောင်းပြီး အားလုံးအတွက် ပြန်လည်ဝေမျှလိုက်ပါတယ်ခင်ဗျာ.

တတ်သိနားလည်သူများအနေနဲ့ ကော်မန့်မှာ ပါဝင်အကြံပြုဆွေးနွေးပေးဖို့လည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်.

မင်္ဂလာပါ ကိုရန်အောင်


Pagemaker ဟာ ကျွန်တော်တို့မှီသမျှပြောရရင် windows 3.1 တုန်းက ပိုင်ရှင်တစ်ဦးပါ။ ဒီအရင်ကတော့ apple မှာပဲ ရှိပါတယ်။aduld လားမသိပါ။ နောက် adobe ကနေဝယ်လိုက်ပါတယ်။ adobe ဟာ pdf တွေ photoshop တွေ ထုတ်တဲ့ software ဆရာကြီးပါ။ နောက်ပြီးသူ့လက်ထဲမှာ Pagemaker ဆိုတဲ့နာမည်နဲ့ version အသစ်မထုတ်ဘဲ InDesign ဆိုပြီးထုတ်ပါတယ်။ InDesign ဟာ Pagemaker file ကို ဖတ်ပါတယ်။ unicode လဲ support လုပ်ပါတယ်။

ခင်ဗျားမှတ်မိသေးလားတော့မသိဘူး အရင်က foxpro ကို တော်တော်သုံးခဲ့ကြရာက Microsoft က ဝယ်တယ် ပြီးတော့ access ကို ဆွဲတင်ပြီး fox ကိုထားခဲ့ပါတယ်။ ဒီလိုဘဲ wordperfect ကို corel draw ကဝယ်တယ် xera ကို ဝယ်တယ်။ market ဝေစုပြိုင်ကြပေါင်းကြ လုကြတာပါ။

ဆိုလိုချင်တာက VB6 မှာတုန်းက MS လည်း unicode support မလုပ်ပါဘူး dotnet ခေတ်ကျမှလုပ်ပါတယ်။ Pagemaker လည်း သူ့ခေတ်မှာ unicode မရှိပါဘူး unicode ခေတ်ကောင်းလာတာ မကြာသေးဘူးလို့ပြောလို့ ရပါတယ်။ Microsoft တောင် အရင် office တွေ မှာ windows မှာ multilanguage အတွက် unicode မသုံးပါဘူး၊ အခြား encode standard တွေရှိပါတယ်။ ဒီတော့ Pagemaker ဟာ unicode ကို အဲဒီနာမည်သုံးစဉ် support မလုပ်ဘူးဆိုနိုင်ပါတယ် adobe လက်ထဲရောက်တော့ Pagemaker အမည်ကနေ InDesign လို့လဲပြောင်းရော မြန်မာတွေက လိုက်မသုံးကြတော့ပါဘူး အစွဲအလန်းကြီးတယ်လေ။

တကယ်လို့သာ Pagemaker 10 တို့ ဘာတို့ဆိုပြီးထုတ်ရင်တော့ သုံးကြမယ်လို့ထင်ပါတယ်။ InDesign ဟာ world Publishing လောကရဲ့ပြောင်းလဲလာတဲ့ trend အတွက်ထုတ်တာဖြစ်လို့ မြန်မာနဲ့ ကိုက်ချင်မှကိုက်ပါမယ်။ သူ့မှာ font converter ကအစ script management တွေအဆုံး အရမ်းကောင်းတာတွေပါပေမဲ့ software အလကားရနေတာတောင် စမ်းသုံးခံရတာ နည်းနေပါသေးတယ်။

ဇော်ဂျီနဲ့ပတ်သက်လို့ကတော့ ဇော်ဂျီဟာ ကျွန်တော်ပိုင်မဟုတ်ဘဲ သုံးစွဲသူများအားလုံးပိုင်တဲ့ web 2.0 ပစ္စည်းတခုပါ။ အားလုံးကောင်းဖို့ ဝိုင်းလုပ်ကြတာကို ချီးကျူးပါတယ်။
ကျွန်တော်အာမခံနိုင်တာတစ်ခုက 5.1 ပေါ်လာတာ လမ်းအသစ်တခုပါ။ ဇော်ဂျီမပျောက်နိုင်ပါဘူးဆိုတာပါပဲ။

ဇော်ဂျီမပေါ်ခင်ကတည်းက myanmar font storage standard ဆိုတာရှိပါတယ် 4.1 ပါ 3 years ကြာခံပါတယ်။ သုံးတဲ့သူသာသိပ်မတွေ့ရတာပါ။ သူလည်း ရရစ် တစ်ခုတည်းသိမ်းပြီးပြောင်းပေးပါတယ်။

အခု 5.1 ပေါ်လာတာလည်းကောင်းပါတယ်။ MS office 2007 မှာ 5.1 fully support လုပ်ပါတယ်။ သိုသော် zawgyi ကို လက်ခံပါတယ်။ ဇော်ဂျီရိုက်မရအောင် MS google စတာတွေက မလုပ်ဘူးလို့ ကျွန်တော်ယုံတယ်။ မြန်မာ အချို့ကတော့ ဒီလိုဖြစ်အောင် လုပ်ကောင်းလုပ်နိုင်ပါတယ်။

ဇော်ဂျီကို အာမခံတာဟာ 5000-10000 ကြားမှာရှိတဲ့ web content တွေကြောင့်ပါဘဲ။ လက်ရှိအချိန်မှာ migration stage ကိုမကျော်ဘဲ encode စနစ်အသစ် မဖြစ်နိုင်လို့ပါ။ ဇော်ဂျီနဲ့ပတ်သက်လို့ နည်းနည်းပါးပါးပြောင်းချင်တာတောင် user group ကြီးကြောင့် keyboard input မှာဘဲ လွတ်လွတ်လပ်လပ်ပြောင်းရပါတယ်။

ရေးချင်တာက DTP မှာ Ascii ကို zawgyi ရော unicode ကရော နေရာဝင်မယူနိုင်သေးဘူး၊ ဇော်ဂျီယူတာနေရာအသစ်။ ဒီလိုပဲ 5.1 ပေါ်လာရင် သူနေရာရမရတော့ မသေချာသေးဘူးရခဲ့ရင်လဲ အသစ်ဖြစ်ပါလိမ့်မယ်။ တစ်ခုတော့ရှိတယ် ကျွန်တော်တို့ဆီမှာ standard လုပ်သူမရှိတော့ Ascii က စံမဟုတ်တဲ့ မြန်မာစာ ဖြစ်နေတယ်။

တကယ်တော့ နိုင်ငံတကာမှာ Ascii standard ရှိ တယ်။ zawgyi လဲ nonrendering unicode ဒီဖက်တိုစတန်းဒတ်ဘဲ၊ render မရှိလို့ standard မဖြစ်ရဘူးဆိုရင် ၊ mobile phone, MP3, mp4 player, DVD , sattlite resiver, poctet PC,.....industial using myanmar font,....စတာတွေလည်း ဘယ်တော့မှ စတန်းဒတ်နဲ့မဖြစ်လာနိုင်ဘူး။
ပြောရင်းရှည်သွားပြီ။ ဆိုလိုချင်တာ က solution ကို ရောင်းကြတဲ့ ခေတ်မှာ အစွဲကင်းသင့်တယ်။

Pagemaker ကအဆင်ပြေရင် Ascii OK ရင် မပြောင်းစေချင်ဘူး DTP မှာ ပြောင်းဖို့ လိုရင် word သို့မဟုတ် InDesign လို ဘက်ကိုလေ့လာစေလိုတယ်။ searchable ဖြစ်မယ် unicode အစွမ်းနဲ့။ zawgyi လဲ type phase design 4 ခုထပ်ထွက်ဖို့ ရှိတယ် dtp မှာ OK သို့ သော် web မှာ ဖောင့်မရှိရင် လေးထောင့်အတုံးလေးတွေ မပေါ်အောင် family font ကိစ္စစမ်းနေကြတယ်။

စာရှည်သွားပြီ

ရဲမြတ်သူ

Read More...
AddThis Social Bookmark Button

ဇော်ဂျီ-ယူနီကုဒ် 5.1 ပြောင်း Box ထည့်ခြင်း  

Contributor: သင်ကာ
Blogspot သုံးသူတွေ အတွက်ကတော့ Head နဲ့ Body ကြားမှာ ဒီကုဒ်လေး ထည့်ပေးရပါမယ်။
<script src=’http://ngwestar.googlepages.com/z-51.js’ type=’text/javascript’/>

ကျနော့်ရဲ့ Blogspot မှာ အစမ်းလုပ်ထားတာကို ဒီမှာ (Click Here) ကြည့်ပါ။
Wordpress ကို Run ပြီး သုံးသူတွေကတော Page Template, Main Index Template ထဲမှာ ထည့်ရပါမယ်။ ပုံမှာ ပြထားပါတယ်။
အခုစမ်းတဲ့ဟာက mmthinker.net မှာ မြင်နေရတဲ့ ဘောက်စ်ကလေးပဲ ဖြစ်ပါတယ်။
အဲဒီဘောက်စ်ကလေး ပျောက်နေစေချင်ရင် ဘောက်စ်မှာပါတဲ့ Cross လေးကို Click ပါ။ ပြန်ပေါ်စေချင်ရင် Refresh ဖြစ်စေ၊ F5 ဖြစ်စေ လုပ်လိုက်ပါ။
ဘောက်စ်တပ်ပြီးတဲ့နောက် စမ်းကြည့်တဲ့ အခါ စာလုံးတွေဟာ ဖွာတာတာဖြစ်နေတယ်၊ ဟထိုး၊ အသတ်တွေ ရွေ့နေတယ်ဆိုရင် အောက်မှာ ပေးထားတဲ့ Myanmar3 ကို Install လုပ်လိုက်ပါ။ ပြီးရင် HTML ထဲက Font Family မှာ ရှိပြီးသား Zawgyi အပြင်၊ ဘေးမှာ Myanmar3 လို့ ထည့်လိုက်ပါ။ ရှင်းလင်းစွာ ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် စတန်းဒတ်ဖောင့်အတွက် သင့်ရဲ့စာတွေ အသင့်ဖြစ်ပါပြီ။
စမ်းသပ်သုံးစွဲပြီး အကြံဥာဏ်များကို Myanmar Font Converter မှာ ဖြစ်စေ၊ ဒီဘလော့ဂ်မှာဖြစ်စေ ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ လိုအပ်တာတွေ ထပ်မံဖြည့်သွင်းနိုင်ဖို့ ဖြစ်ပါတယ်။
မှတ်ချက်
- How to put Convertor Combo Box နဲ့ How to put Converter box in Wordpress ကို ပြန်ရေးထားတာ ဖြစ်ပါတယ်။
- ဒီ Box ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီး It’s first Off-Line On-the-Fly Myanmar Fonts Converter by The The Aye (Solveware) and Soe Min @ Mark လို့ ရေးထားတာလည်း တွေ့ရပါတယ်။
- Myanmar 3 ဒေါင်းလုဒ် လုပ်ရန် Click Here or Click Here

Read More...
AddThis Social Bookmark Button

ဇော်ဂျီ၊ ယူနီကုဒ် 5.1 နှင့် နောက်ကွယ် ပြဿနာများ  

Contributor: သင်ကာ

တင်ကြို စကားခံရလျှင် မြန်မာဖောင့်နှင့် ပတ်သက်သည့် ပြဿနာအရပ်ရပ်ကို နားလည်ရန် ကျနော် အလှမ်းဝေးပါသည်။ ဝီကီမြန်မာ (MOE) အကောင်အထည်ပေါ်ရေးတွင် ကျနော် ပါဝင်မိပြီးနောက် စတန်းဒတ်မြန်မာဖောင့်ကိစ္စကို ကျနော် အာရုံကျမိပါသည်။ ဒိုင်ခံရှင်းပြပေးသူမှာ ကိုငွေထွန်းဖြစ်ပါသည်။ ကိုငွေထွန်းသည် သူ့အလုပ် သူ့ပညာရပ်တွင် နှံ့စပ်သူ၊ အမြဲတမ်း သင်ယူနေသူ တစ်ယောက်အဖြစ်တွေ့ရပါသည်။
သူနှင့် ကျနော် စကားစပ်မိသမျှပြန်ပြောရလျှင် သူသည် မြန်မာယူနီကုဒ်ကို တွင်ကျယ်စေလိုသူ ဖြစ်ပါသည်။ ဒီထက်ပိုပြောရလျှင် IT ဘာသာစကားသုံးစွဲရေး၌ ကမ္ဘာသုံးအဖြစ် အသိအမှတ်ပြုဖောင့်ဖြင့် အနာဂတ်ကို ကောင်းစေလိုသူဖြစ်ပါသည်။ အားလုံးကို တစ်က ပြန်စရန်မဟုတ်ဘဲ သူက ဇော်ဂျီသာ သုံးစွဲနေသူလည်းအဆင်ပြေနိုင်အောင် Convert လုပ်ရေးဖြစ်ပါသည်။
ယခု ကျနော့်ဘလော့ဂ်၏ ညာစွန်အပေါ်တွင် Choose Font Here ဆိုသည့် ဘောက်စ်ကလေးကို တွေ့ပါမည်။ ဇော်ဂျီနှင့် ယူနီကုဒ် 5.1 အပြောင်းအလဲသုံးနိုင်စေရန်ဖြစ်သည်။
ယူနီကုဒ်ကြောင့်ရနိုင်မယ့် အကျိုးကို Myanmar Font Converter ဘလော့ဂ်မှာ ဒီလိုရေးထားပါတယ်။
Unicode စစ်စစ်ကို သုံးလိုက်ရင် ရလာမယ့် အကျိုးကျေးဇူးတွေက အလွန်ပဲများပြားပါတယ်… အများသိထားတဲ့အတိုင်း Unicode စစ်စစ်က Searchable, Sortable ဖြစ်ပါတယ်… စံတစ်ခုကိုသာ အားလုံးလိုက်နာကြရင် အထက်မှာပြောခဲ့သလို မြန်မာ Font တစ်ခု ရှိနေယုံနဲ့ မြန်မာစာ အားလုံးကို ဖတ်လို့ရနိုင်ပါလိမ့်မယ်… တစ်ခြား အကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်…

(နောက်ပြီတော့ မြန်မာဆိုတာ ဗမာတစ်ခုတည်းကိုပြောတာမဟုတ်ပါဘူး…ရှမ်း၊ မွန် စတဲ့ တိုင်းရင်းသားတွေလည်း မြန်မာတွေပါပဲ… မြန်မာစာဆိုတဲ့ နေရာမှာ တိုင်းရင်သားတွေကို ထည့်စဉ်းစားရပါမယ်… မသိချင်ယောင်ဆောင်နေလို့မရပါဘူး… Zawgyi ဆရာသမားတွေ ကောင်းကောင်းသိပါတယ်… သူတို့က တိုင်းရင်းသားတွေအတွက် သတ်မှတ်ထားတဲ့ code point တွေကို အပိုင်စီးထားပါတယ်… အဲ့ဒါကြောင့် Zawgyi နဲ့ ဘယ်တော့မှ တိုင်းရင်းသား စာတွေ ရိုက်လို့ရမှာ မဟုတ်ပါဘူး… Unicode စစ်ရင် ရပါတယ်… တိုင်းရင်းသားတွေအတွက်ပါ ထည့်စဉ်းစားပြီးသားပါ…)
ကူနီကုဒ်စနစ်ကို မလိုက်နာသော ဇော်ဂျီဖောင့်၏ ကံကောင်းအကြောင်းလှစွာ တွင်ကျယ်သွားပုံကိုလည်း အဲဒီမှာ (Click Here) ရေးထားပါတယ်။ ကျနော် လေ့လာတီးခေါက်မိသလောက် ဖောင့်အတည်ဖြစ်ရေးမှာ ကိုယ်ကျိုးစီးပွားတွေ ပါနေတာ စိတ်မကောင်းစွာ တွေ့ရပါတယ်။ ဘလော်ဂါတချို့သည်လည်း အသုံးချခံများ ဖြစ်နေသလား တွေးမိပါတယ်။
နောက်ပို့စ်မှာ ဘလော့ဂ်ထဲ ဇော်ဂျီ-ယူနီကုဒ် 5.1 Convert ထည့်ပုံကို ထပ်ညွှန်းပါ့မယ်။

မြန်မာစာပေ တိုးတက်စေလိုသော စေတနာဖြင့်

သင်ကာ

Read More...
AddThis Social Bookmark Button

Printer Friendly ဘလော့ဂ်ပို့စ်လေးများ ဖန်တီးခြင်း  

Contributor: ရန်အောင်

အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ဒီတစ်ခါတော့ ကျွန်တော်လေးစားချစ်ခင်ရပါသော ဘလော့ဂ်မိတ်ဆွေ အပေါင်းအသင်းများနဲ့ စာဖတ်သူမိတ်ဆွေများအတွက် အင်မတန်မှ အသုံးဝင်မယ့် နည်းပညာလေးတစ်ခု မျှဝေချင်ပါတယ်.

ကျွန်တော်တို့ ဘလော့ဂ်ပို့စ်လေးတွေ ရေးကြတယ်၊ ဖတ်ကြတယ်၊ တစ်ချို့ပို့စ်လေးတွေကို ကြိုက်နှစ်သက်လို့ bookmark လုပ်ပြီး သိမ်းထားကြတယ်. ဟုတ်တယ်ဟုတ်.

တစ်ချို့ပို့စ်လေးတွေကိုကျတော့ သွားရင်းလာရင်း ဖတ်ဖို့ပဲ ဖြစ်ဖြစ်၊ တမင်သက်သက် အမှတ်တရ သိမ်းထားချင်လို့ပဲ ဖြစ်ဖြစ် Print out လေး လုပ်ပြီး သိမ်းထားချင်မှာပေါ့.

ဟာ. ဒါများကွာ. File Menu>Print နှိပ် (or) Ctrl+P နှိပ်ပြီး Print ထည့်လိုက်. ပြီးတော့ သိမ်းထားလိုက်ပေါ့လို့ ပြောလိမ့်မယ်.

ရကောင်းရပါလိမ့်မယ်. မတူပါဘူး.

ဟုတ်မဟုတ်. အခုပဲ ကျွန်တော်ရေးနေတဲ့ ဒီပို့စ်လေးကို စမ်းပြီး ခင်ဗျားအခု သုံးနေတဲ့ Web Browser (IE or Firefox or Safari or Whatever) ကနေ Print Preview ကြည့်ကြည့်လိုက်ပါ. ခင်ဗျားအနေနဲ့ ဘာတွေ တွေ့လာရမယ်ထင်သလဲ.

ခင်ဗျား Print လုပ်ချင်တဲ့ ပို့စ်လေးတင်မကဘူး. တစ်ခြားသော မသက်ဆိုင်တဲ့ အရာတွေ (ဥပမာ- ဘလော့ဂ် Header တွေ၊ Sidebar တွေ၊ တစ်ခြားတစ်ခြားသော ပို့စ်နဲ့မသက်ဆိုင်တဲ့ element တွေကိုပါ) Print လုပ်မိပြီးသား ဖြစ်နေပါလိမ့်မယ်.

ဒီတော့ ဘာဖြစ်လဲ.

ပို့စ်သက်သက်လေး ဖတ်ချင်တာကို မလိုတာတွေအတွက်ပါ Print လုပ်နေရတာကြောင့် စာရွက်တွေ၊ မင်တွေကို ဖြုန်းတီးရာလည်းရောက်ပါတယ်. ပိုဆိုးတာက ကိုယ်ဖတ်ချင်သလို ပို့စ်လေးကလည်း သပ်သပ်ရပ်ရပ်လေး ထွက်မလာတော့ဘူးပေါ့ဗျာ.

ကဲ. ကျွန်တော်လည်း ရှင်းပြနေတာနဲ့ လေကြောတော်တော်ရှည်သွားပြီ. အရင်ဆုံး ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို Overview Idea ရစေချင်လို့ပါ.

ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်သလဲ.

မလိုတာတွေကို ဘေးဖယ်ပြီး ပို့စ်သက်သက်လေးပဲ Print လုပ်နိုင်အောင် လုပ်ရတော့မှာပေါ့. ဟုတ်တယ်ဟုတ်?

ကျွန်တော်တို့ ခုရေးနေတာက ဘလော့ဂ်ပို့စ်တွေပါ. ၀က်ဘ်ဆိုက်တွေလို Print Function ကို အလွယ်တကူ ထည့်သုံးလို့ မရပါဘူး. ဘလော့ဂ်မှာက သူ့ဥပဒေသနဲ့သူရှိပါတယ်. ဒါကိုပဲ ကျွန်တော်တို့က manipulate လုပ်ပြီး ကိုယ့်စိတ်ကြိုက် ပြုပြင်သုံးစွဲယူရမှာပါ.

ဒီ့အတွက် ကျွန်တော် သုံးနည်းလောက်တွေ့မိပါတယ်. အဲဒီ့ထဲကမှ အလွယ်ကူဆုံး၊ အရိုးရှင်းဆုံးနဲ့ အကောင်းမွန်ဆုံးနည်းလေးတစ်ခုကို ဝေမျှချင်ပါတယ်. ကျွန်တော်ဖတ်မိသမျှ Plugin လေးတွေထဲမှာ ဒီနည်းလမ်းလေးက သက်ဆိုင်ရာ ပို့စ်လေးတွေကိုသာ မကဘူး. ကော်မန့်လေးတွေကိုပါ Print လုပ်ပေးလို့ ဒါလေးကို ရွေးချယ်ပြီး ဆွေးနွေးဖြစ်တာပါ.

ကုဒ်ဒင်းထည့်ပေးရမယ့် အဆင့်နှစ်ဆင့်ပဲ လိုပါတယ်.

(၁) တန်းပလိတ်ထဲ ၀င်ပြင်မယ်. </head> Tag မတိုင်ခင်လေးမှာ ကုဒ်ဒင်းတစ်ချို့ ထည့်ပေးရမယ်.

(၂) သက်ဆိုင်ရာ ဘလော့ဂ်ပို့စ်လေးတွေမှာ Print Button လေးပေါ်အောင်လို့ နောက်ထပ် ကုဒ်ဒင်းလေးတွေ တန်းပလိတ်ထဲမှာပဲ ထည့်ပေးရမယ်.

ဒါပါပဲ.

အိုကေနော်. သီဝရီပိုင်းအရ ရှင်းသွားပြီ. ဒီလောက်နားလည်ရင် ကျွန်တော်တို့ ရှေ့ဆက်လို့ရပါပြီ. အဓိကက ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ကိုယ်တိုင်အရင်နားလည်နေဖို့ပါပဲ.

ကဲ. ထုံးစံအတိုင်းပေါ့ဗျာ. တန်းပလိတ်ကို edit လုပ်ကြရအောင်.

အဆင့် (၁) CSS Style Code ထည့်ခြင်း

တန်းပလိတ်ကိုသွားပါ. ပြီးရင် Edit နှိပ်ပါ. </head> ဆိုတဲ့ tag လေးကို တွေ့အောင်ရှာပါ. တွေ့ပြီဆိုရင် အဲဒီ့အပေါ်ကပ်လျက်နေရာလေးမှာ ဒီကုဒ်ဒင်းလေးတွေကို ကူးထည့်ပေးလိုက်ပါခင်ဗျာ.

<style media='print' type='text/css'>
#header-wrapper, #header, .header, #sidebar-wrapper, .sidebar, #footer-wrapper, #footer, .date-header, .post-meta-data, .comment-link, .comment-footer, #blog-pager, #backlinks-container, #navbar-section, .subscribe_notice, .noprint {display: none;}
#main-wrapper {width: 95%; overflow: visible !important;}
</style>

အဆင့် (၂) Print Button Link ထည့်ခြင်း

ဒီလင့်ခ်လေးကို ထည့်ဖို့ တန်းပလိတ်ကို ပြန်သွားပါ. ပြီးရင် Expand Widget Tempate ဆိုတဲ့ Box လေးကို Check လုပ်ဖြစ်အောင် လုပ်လိုက်ပါ.

တန်းပလိတ်ထဲမှာ ဒါလေးကို တွေ့အောင်ရှာပါ.

<p><data:post.body/></p>

အဲဒီ့လိုင်းလေးရဲ့ နောက်မှာ ကပ်ပြီးတော့ အောက်ပါ စတိုင်လ်ငါးမျိုးထဲက မိမိကြိုက်နှစ်သက်ရာ စတိုင်လ်တစ်ခုခုရဲ့ ကုဒ်ဒင်းလေးတွေကို ကူးထည့်ပေးလိုက်ပါ. စတိုင်လ်သုံးမျိုးပေးထားပါတယ်. ကြိုက်ရာ စတိုင်လ်ကို ယူသုံးပါ. အထဲက စာလေးတွေကိုလည်း မိမိကြိုက်နှစ်သက်ရာ ပြောင်းလဲရေးသားနိုင်ပါတယ်.

ဥပမာ. ပုံနှိပ်ရန်၊ Print ထုတ်ရန်၊ ဘလာဘလာဘလာ ပေါ့.

အဲ. ဘလာဘလာဘလာတော့ တကယ်သွားမရေးနဲ့နော်. ဟတ်ဟတ်ဟတ်.

ကူးထည့်ပေးရမည့် ကုဒ်ဒင်းနှင့် အမှန်တကယ် မြင်ရမည့် ပုံများ

Style (1)

<b:if cond='data:blog.pageType == "item"'>
<a href='javascript:window.print()'>Print this post</a>
</b:if>

မြင်ရမည့်ပုံ


Print this post



Style (2)

<b:if cond='data:blog.pageType == "item"'>
<form> <input type="button" value="Print This Page" onClick="window.print()" /> </form>
</b:if>

မြင်ရမည့်ပုံ






Style (3)

<b:if cond='data:blog.pageType == "item"'>
<span style='background: url(http://bloggerbuster.com/images/print.gif) left no-repeat; padding-left: 20px;'><a href='javascript:window.print()'>Print this post</a></span>
</b:if>

မြင်ရမည့်ပုံ


Print this post



Style (4)

<b:if cond='data:blog.pageType == "item"'>
<span style='background: url(http://bloggerbuster.com/images/print.gif) left no-repeat; padding-left: 20px;'><a href='javascript:window.print()'>Printer Friendly</a></span>
</b:if>

မြင်ရမည့်ပုံ


Printer Friendly



Style (5)

<b:if cond='data:blog.pageType == "item"'>
<span style='background: left no-repeat; padding-left: 20px;'><a href='javascript:window.print()'><img alt='Print' height='25' src='http://bloggerbuster.com/images/print.gif' width='25'/></a></span>
</b:if>

မြင်ရမည့်ပုံ


Print




ဒါပါပဲခင်ဗျာ.

အားလုံးလုပ်ပြီးသွားလို့ မိမိဖာသာ မိမိ စမ်းသပ်ချင်တယ်ဆိုရင် ကိုယ် ပရင့်ထုတ်ချင်တဲ့ ပို့စ်လေးတစ်ခုခုရဲ့ ခေါင်းစဉ်ကို နှိပ်လိုက်ပါ. ပို့စ်တစ်ခုလုံး ပွင့်ကျလာပါလိမ့်မယ်. ပို့စ်ရဲ့ အောက်ဆုံးနားလေးလောက်ကို scroll down လုပ်သွားလိုက်ပါ. ပရင့်ထုတ်ဖို့ icon လေး (သို့) စာတမ်းလေးကို တွေ့တဲ့အခါကျမှ အဲဒါလေးကို နှိပ်ပြီး ပရင့်ထုတ်ကြည့်ပါ.

သက်ဆိုင်ရာ ပို့စ်လေးတွေမှာ ရှိနေတဲ့ ကော်မန့်လေးတွေကိုပါ ပရင့်ထုတ်ပေးသွားတာကို ၀မ်းသာဖွယ်ရာ တွေ့ရပါလိမ့်မယ်ခင်ဗျာ.

အားနည်းချက်လေးတွေလည်း ရှိပါသေးတယ်.

(၁) ပို့စ်ရဲ့ အပေါ်ဆုံးမှာ Printer Friendly Icon လေး ပေါ်နေအောင် လုပ်ထားရင် ပိုကောင်းနိုင်ပါတယ်.

(၂) ပို့စ်တစ်ခုကို ပရင့်ထုတ်ချင်ရင် အဲဒီ့ပို့စ်တစ်ခုလုံးပေါ်အောင် သူ့ရဲ့ ခေါင်းစဉ်ကို နှိပ်ပြီးရွေးတာထက် ပရင်တာ သင်္ကေတလေး တွေ့တဲ့နေရာမှာပဲ နှိပ်ပြီး ပရင့်ထုတ်လို့ရရင် ပိုကောင်းသွားနိုင်ပါတယ်.

အဲဒီ့ feature လေးနှစ်ခုလုံး မရသေးပါဘူး. အဲဒါသူ့ရဲ့ အားနည်းချက်လေးတွေပဲ ဖြစ်ပါတယ်. နည်းနည်းပါးပါးလောက် ကလိကြည့်ရင်း အဆင်ပြေတဲ့တစ်နေ့ကျရင် ၀မ်းသာအားရ ဖောက်သည်လာချပါဦးမယ်ဗျာ.

ရှေ့လျှောက် မိမိနှစ်သက်ရာ ပို့စ်လေးများကို ကိုယ်တိုင်ကိုယ်ကျ ပရင့်ထုတ်ယူပြီး သိမ်းထားနိုင်ပြီ ဖြစ်သလို ဘလော့ဂါများအနေနဲ့ကလည်း စာဖတ်သူအတွက် အဆင်ပြေအောင် ဟောဒီ့ Printer Friendly Function လေးကို မိမိတို့ရဲ့ ဘလော့ဂ်လေးတွေမှာ ထည့်သွင်းပေးထားမယ်ဆိုရင် သိပ်ကို အဆင်ပြေပါလိမ့်မယ်.

ကျွန်တော် ဆွေးနွေးပေးသွားခဲ့တဲ့ စတိုင်လ် (၅) ခုအပြင် မိမိတို့ ကြိုက်နှစ်သက်ရာ ပုံလေးတွေ၊ စာလေးတွေနဲ့လည်း အစားထိုးပြီး ပြုပြင်ယူနိုင်ပါတယ်. စိတ်ကူးဥာဏ်ကြိုက်သလို ကွန့်မြူးနိုင်အောင် စတိုင်လ်အမျိုးမျိုး လုပ်ပေးထားတာလည်း ဖြစ်ပါတယ်.

ကဲ. ပို့စ်လေးကတော့ ဒီလောက်ပါပဲ. နောက်နောင် ပိုကောင်းတဲ့ ပြင်ဆင်ချက်လေးတွေ တွေ့ရှိခဲ့ရင် ပြန်လာပြီး update လုပ်ပေးပါဦးမယ်.

စာဖတ်သူမိတ်ဟောင်းမိတ်သစ်များ၊ ဘလော့ဂါများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေဗျား…

Acknowledgement:

ဒီနေရာက ပို့စ်လေးကို သင့်တော်သလို ဘာသာပြန်ဆို ရေးသားထားတာ ဖြစ်ပါတယ်.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်.

Read More...
AddThis Social Bookmark Button

Awesome New Features from Blogger in Draft  

Contributor: MhawSayar

အထူးသတိပြုရန်

အောက်ပါ ပို့စ် တစ်ခုလုံး၏ ရည်ညွှန်းပါ Bloggr.C0M ဆိုသည်မှာ HTTP://DRAFT.BLOGGER.COM/ ကိုဆိုလိုခြင်း ဖြစ်ကြောင်း သိစေအပ်ပါသည်။ ၎င်း Blogger in Draft ဆိုသည်မှာ အလွယ်ကူဆုံး ပြောရလျင် Blogger.Com ၏ အခြား Admin Dashboard User Interface တစ်ခုဖြစ်ပြီး ထိုနေရာတွင် http://blogger.com/ မှတဆင့် မိမိ ဘလော့ဂ် ၏ Admin Dashboard သို့ ၀င်ရောက် အသုံးပြုပါက မရနိုင်သော Blogger.Com ၏ စိတ်လှုပ်ရှားဖွယ် အခြား Feature အသစ်ပေါင်းများစွာကို ဘလော်ဂါများ အနေဖြင့် ရယူ သုံးစွဲ နိုင်သည်။
[ အောက်တွင် ဖော်ပြပါ Feature အသစ်များ အားလုံးသည် http://blogger.com/ မှ ၀င်ရောက် အသုံး ပြုပါက ရရှိမည် မဟုတ်ပဲ http://draft.blogger.com/ မှ ၀င်ရောက် အသုံးပြုမှသာ ရရှိမည်ဖြစ်သည်။ ]

Blogger in Draft

သူနဲ့ ပတ်သက်လို့ ကျွန်တော် Blogspot Blogger ဘ၀တုန်းက ပို့စ်တစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ အဲဒီကတည်းက Blogger in Draft ဟာ တစ်ချိန်ချိန်မှာ Blogger.Com ရဲ့ Admin Panle ရာဇပလ္လင်ကို ၀င်လုမယ့် ပြိုင်ဘက် ဖြစ်လာနိုင်တယ် ဆိုတာ အနည်းငယ် ရိပ်မိခဲ့သလိုပါပဲ။ အခုတော့ အဲဒီယူဆချက် မှန်ကန်ကြောင်း အောက်ပါ အချက်တွေကို ဖတ်ရှုကြည့်တာနဲ့ လူကြီးမင်း သဘောပေါက်နိုင်ပါပြီ။

New Feature-I :  New Dashboard
Dashboard of Blogger in Draft
သိသိသာသာ တိုးတက်ပြောင်းလဲခြင်း လို့ ဆိုနိုင်တဲ့ ဒီ Dashboard ကြီး တစ်ခုလုံးကို ပြောင်းမပစ်ခင် အရင် လူမသိ သူမသိ New Feature တွေ ရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဘလော်ဂ္ဂါတို့ နေ့တစ်ဓူဝ အ၀င်အထွက် လုပ်နေတဲ့ ဒီ Dashboard ကြီး တစ်ခုလုံး ပြောင်းလဲမှု လုပ်လိုက်တာက အစပြုပြီး Blogger.Com ကြီး တစ်ခုလုံးကို Blogger in Draft နဲ့ အစားထိုးပစ်ဖို့ ကြံစည်နေကြောင်း ပိုမိုသိသာ လာပါတယ်။ Blogger in Draft ရဲ့ အသစ်ထုတ်လုပ် လိုက်တဲ့ Admin Dashboard မှာ အောက် ပါတို့ကို Feature အသစ် တွေ အဖြစ် တွေ့ရှိရပါတယ်။


၁။ Blogger in Draft Dashboard ကို မိမိဘလော့ဂ်ရဲ့ Default Dashboard အဖြစ် သတ်မှတ်နိုင်တဲ့ စနစ်တစ်ခု ပါဝင်လာပါတယ်။ http://draft.blogger.com/ ကနေ ၀င်လိုက်တာနဲ့ အဲဒီ Feature အသစ်ကို မိမိဘလော့ဂ် Dashboard ရဲ့ နဖူးစည်းမှာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
Make Default Dashboard for Blogger

၂။ Blogger in Draft ရဲ့ အသစ်သော Dashboard ကို Dashboard, My Reading List နှင့် Other Stuffs ဆိုပြီး အပိုင်းကြီး သုံးပိုင်းနဲ့ ခွဲခြားထားတာကို တွေ့ရပါတယ်။

  • ပထမ အပိုင်း ဖြစ်တဲ့  Dashboard မှာ မိမိ လက်ရှိရေးသားနေတဲ့ ဘလော့ဂ် အားလုံးတို့ထဲက နောက်ဆုံး Update လုပ်ခဲ့တဲ့ Blog နှစ်ခုကို ပုံသေ သတ်မှတ်ချက် အနေနဲ့ အမြဲပြပေးမှာ ဖြစ်ပါတယ်။ အကယ်၍ မိမိ အကောင့်ထ် ထဲမှာ ရှိတဲ့ ဘလော့ဂ် အားလုံး ပြစေချင်တယ် ဆိုရင်တော့ Blog List ရဲ့ အောက်မှာ ရှိတဲ့ ”Show all Blogs” ဆိုတာလေးကို ကလစ် လိုက်ရင် ရပါပြီ။
  • ဒုတိယ အပိုင်း မှာတော့ My Reading List ဆိုတဲ့ အတိုင်းပဲ Blogger.Com ရဲ့ Official Blog နှစ်ခုဖြစ်တဲ့ Blogger Buzz နှင့် Blogger in Draft တို့က နောက်ဆုံးရ Update သတင်းတွေကို အလွယ်တစ်ကူ ဖတ်လို့ ရအောင် စီမံပေးထားတာကို တွေ့ရမှာပါ။
  • တတိယ အပိုင်း Dashboard ကြီး တစ်ခုလုံးရဲ့ Footer မှာတော့  ခေါင်းစဉ်ကြီး Other Stuffs ဆိုတာရဲ့ အောက်မှာ Mobile Devices, Tools & Resources နှင့် Help Resources ဆိုပြီး ကဏ္ဍသုံးခုနဲ့ ခွဲခြားပြထားတာကို တွေ့ရမှာပါ။ အဲဒီထဲက Mobile Devices ဆိုတာကတော့ Mobile Phone တို့ကဲ့သို့သော ရွေ့ပြောင်းသယ်ဆောင် နိုင်တဲ့ ပေါ့ပေါ့ပါးပါး ပစ္စည်းလေးတွေက တဆင့် Blogging လုပ်နိုင်ဖို့ အတွက် ဖြစ်ပြီး Tools & Resources ဆိုတာကတော့ Seo ဆိုင်ရာ၊ Adsence ဆိုင်ရာ၊ Picasa ဆိုင်ရာ များကို အလွယ် တစ်ကူ  အသုံးချနိုင်စေရန် အတွက် စုစည်းပေးထားခြင်း ဖြစ်ပါတယ်။ နောက်ဆုံး Help Resources ဆိုတဲ့ နေရာမှာတော့ မိမိရဲ့ ဘလော့ဂ် ဂင်းနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ကို ဖြေရှင်းပေးနိုင်ဖို့ အတွက် User တွေ အချင်းချင်း ဆွေးနွေးရာ၊ တိုင်ပင်ရာ၊ လေ့လာစရာ ကျူတိုရီရယ်တွေ စသဖြင့် လိုအပ်သမျှကို စုံလင် အောင် စီစဉ်ထားရှိပေးတာကို တွေ့ရပါမယ်။
New Feature-II :  Posting Gadget for iGoogle

Post Gadget iGoogleနောက် Feature အသစ် တစ်ခုကတော့ မိမိရဲ့ ဘလော့ဂ်ကို ပို့စ် တင်ဖို့ အတွက် တစ်ခြားနေရာတွေကနေ သွားလာနေစရာ မလို၊ Admin Panel ကို ၀င်စရာ မလိုပဲ iGoogle ကနေတဆင့် တိုက်ရိုက် ပို့စ် တင်နိုင်တဲ့ Gadget လေး တစ်ခုကို Blogger in Draft က ထုတ်လုပ်ပေး လိုက်ခြင်းပါပဲ။ အဲဒီ Gadget လေးမှာ ပို့စ် တစ်ပုဒ် အတွက် လိုအပ်တဲ့ အချက်အလက် တွေမှန်သမျှနဲ့ တကွ၊ မိမိမှာ ဘလော့ဂ် လေး၊ငါး ခုရှိခဲ့ ရင် ကြိုက်ရာ ဘလော့ဂ်မှာ ရွေးချယ် ရေးသားနိုင်လောက်အောင် အထိ ပြုလုပ်နိုင်တဲ့ အခွင့် အလမ်းတွေကို အပြည့် အ၀ပေးထားပါတယ်။

စိတ်ပါဝင်စားရင် အောက်က Button လေးကို ကလစ်လို့ အထက်ပါ Gadget လေးကို မိမိ ရဲ့ iGoogle စာမျက်နှာမှာ ထည့်သွင်း အသုံးပြုနိုင်ပါပြီ။
Add post Gadget to iGoogle

New Feature-III:  Embedded Comment Form
Embedded comment Form
Blogger.COM မှ Blogger များ အနှစ်နှစ်အလလ တောင်းဆို၊ အလိုရှိခဲ့ကြတဲ့ WordPress Style Feature တစ်ခုဖြစ်ပါတယ်။ ဘာလို့လဲ။ Comment ဆိုတာ Blogger တစ်ယောက်ရဲ့  Post တစ်ပုဒ်အတွက် များသော အားဖြင့် Blogger အတော်များများအတွက် သူတို့ရဲ့ ကြိုးစား အားထုတ်မှု တွေ အတွက် အမြင့်ဆုံး ပြန်လည်ရရှိတဲ့ ဆုကြေး၊ ဒါမှမဟုတ် ဆုလာဘ်၊ တွန်းအား၊ ရွှေ . စသဖြင့် ရရှိတဲ့ မှတ်ချက်ပေါ်မူတည် ပြီးတော့ အမျိုးမျိုး အဓိပ္ပာယ် ဖွင့်လို့ရပါတယ်။ အဲဒီလို တန်ဖိုးရှိလှတဲ့ အရာတစ်ခုကို သူတို့  ကြိုးစား အားထုတ်ပြီး ရေးဖွဲ့ထားတဲ့၊ ရေးသား တင်ပြထားတဲ့ ပို့စ် တစ်ပုဒ် နှင့် အတူရှိစေချင်၊ မြင်ချင်ကြတာဟာ လည်း Blogger တို့ အတွက် သဘာဝကျပါတယ်။

Blogger.Com မှာ မူလကတည်းက Comment အတွက် ဖတ်တာကိုရော၊ ရေးတာကို ပါ သီးခြား စာမျက်နှာ တစ်ခုဆီကို  သပ်သပ်စီသွားပြီး ဖတ်ခြင်း၊ ရေးခြင်း လုပ်နေရတော့ တယ် အဆင်မပြေလှပါဘူး။ အဲဒီအတွက် နှစ်ရှည်လများကတည်းက Blogspot Blogger များက ဒီ Embedded Comment Form လို့ ခေါ်တဲ့ သက်ဆိုင်ရာ ပို့စ်ရဲ့ အောက်ခြေမှာ တစ်ပါတည်း တွဲရက် Comment များကို ဖတ်၊ရေး လုပ်နိုင်တဲ့ Feature ကို တောင်းဆိုလာခဲ့ကြတာပါ။

သူတို့ရဲ့ တောင်းဆိုမှုတွေဟာ အလဟဿမဖြစ်ခဲ့ဘူးဆိုတာ Blogger in Draft က အခု သက်သေ ပြလိုက်ပြီ ဖြစ်ပါတယ်။ ယခု အသစ် ဖြည့်စွက် လိုက်တဲ့ Embedded Comment Form Feature ဟာဆိုရင် အရင် Blogger.Com ရဲ့ မူလ Comment မှာလိုပဲ Open ID ကို အသုံးပြုနိုင်ခြင်း၊ Word Verification များ ထည့်သွင်း အသုံးပြုနိုင်ခြင်း၊ နောက် Comment message alart များကိုလည်း ယခင်လိုပဲ Comment ရေးသားတဲ့ နေရာရဲ့ အပေါ်မှာ ဖော်ပြပေးထားခြင်း စတာတွေ ပါရှိမှာ ဖြစ်ပါတယ်။ အဲဒီ Embedded Comment Form ဆိုတဲ့ Feature အသစ်စက်စက် ကို အသုံးပြုဖို့ အတွက် အောက်ပါ အတိုင်း လုပ်ဆောင်နိုင်ပါတယ်။:)

Blogger in Draft ကနေတဆင့် မိမိဘလော့ဂ်ရဲ့ Admin Panel Dashboard ကို ၀င်ပါ။ ပြီးတာနဲ့ Seeting ဆိုတဲ့ စာမျက်နှာကို ရွေးချယ် သွားရောက်ပါ။ ၎င်းစာမျက်နှာမှာ Comments ဆိုတာကို ရွေးချယ် ပြီး “Comment Form Placement” ဆိုတဲ့ Setting မှာ  “Embedded below post” ဆိုတာကို ရွေးချယ် ကလစ်ပေးပါ၊ အဲဒီနောက် “Save Setting” ကို ဆက်လက် ကလစ်ပါ။

Comment Form Placement
မိမိဘလော့ဂ် ကိုသွားရောက် ကြည့်ရှုစစ်ဆေးပါ။ ယခင်က စာမျက်နှာ တစ်ခု၊ သို့ Pop up window တစ်ခုနဲ့ တက်လာနေကြ ဖြစ်တဲ့ Comment တွေဟာ သူနဲ့ သက်ဆိုင်ရာ ပို့စ်တွေရဲ့ အောက်တွေမှာ ပြနေ၊ မပြနေ ကြည့်ရှုစစ်ဆေးပါ။ အကယ်၍ လူကြီးမင်းဟာ Modified လုပ်ပြီးသား Template တစ်ခုကို အသုံးပြုထားမယ် ဆိုရင်တော့ အဲဒီ Embedded Comment Form မှာ တိုက်ရိုက် Comment ရေးနိုင်ဖို့ အတွက် အောက် ပါ အဆင့် တစ်ခုကို ထပ်မံလုပ်ဆောင်ရပါမယ်။


မိမိဘလော့ဂ်ရဲ့ Dashboard မှတဆင့် Layout ကိုသွားပါ၊ နောက် တစ်ဆင့် အနေနဲ့ Edit HTML ကို ဆက်သွားပါ။ ဘာမှ ပြုပြင်မှု မလုပ်ခင် မိမိရဲ့ Original Template ကို Bakcup လုပ်ထားတတ်တဲ့ အကျင့်တစ်ခုကို မွေးမြူထားပါ။ မူလ Template ကို Backup လုပ်ပြီးတဲ့ နောက် Template Codex Box ရဲ့ ညာဘက် အပေါ်ထောင့်က  Expand Widget Templates ကို ကလစ် လုပ်ပါ။ ပြီးတဲ့ နောက် အောက်ပါ ကုဒ်လေးကို Ctrl+F အကူအညီနဲ့ Search လုပ်ပါ။
<b:include data='post' name='comment'/>
အထက်ပါ ကုဒ်များကို တွေ့တာနဲ့ သူပြီးနောက် တစ်ကြောင်းမှာ အောက်ပါ ကုဒ်များကို ထပ်မံထည့်သွင်းပေးပါ။
<b:include data='post' name='comment-form'/>
ပြီးတဲ့ နောက် Save Template ကို ဆက်လက် ကလစ် လုပ်ပြီး မိမိဘလော့ဂ်ကို ကြည့်ရှုစစ်ဆေးပါ။ Post တိုင်းရဲ့ အောက်ခြေမှာ Comment များကို တစ်ပါတည်း ရေး၊ ဖတ် လုပ်နိုင်ပြီ ဆိုပါက ၎င်း Embedded Comment Form Feature ကို လူကြီးမင်းရဲ့ ဘလော့ဂ်မှာ အောင်မြင်စွာ ထည့်သွင်းပြီး ဖြစ်တယ် လို့ယုံကြည်နိုင်ပါပြီ။
တစ်ကယ်လို့ အထက်ပါ နည်းလမ်းများ နဲ့ပင် အဆင်မပြေသေးဘူး ဆိုပါက အောက်ပါ နေရာများမှာ ဆွေးနွေးပြောဆို၊ လုပ်ကိုင် ထားကြ တာတွေ ကို သွားရောက် ဖတ်ရှုလေ့လာပြီး မိမိနဲ့ ကိုက်ညီမယ့် နည်းလမ်းကို ရွေးချယ် အသုံးပြု နိုင်ပါကြောင်း။ :D




New Feature-IV: Stars Rating
အရင်တုန်းကတော့ ကျွန်တော်တို့ တတွေဟာ ဒီ Feature လေး သုံးရဖို့ အရေးကို တစ်ခြားသူတွေကနေ Blogger အတွက် Provide လုပ်ပေးထားတဲ့ Widget တွေ ကို လိုက်လံရှာဖွေ ထည့်သွင်း သုံးစွဲခဲ့ကြရပါတယ်။ အခုတော့ Blogger in Draft ကနေ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ပါပြီ။

Stars Rating in Blogger
ဒီ Feature လေးကို အသုံးပြုဖို့ အတွက် မိမိ Blog Dashboard ကို http://draft.blogger.com/ ကနေ တဆင့် ၀င်ရောက်ပါ။ Layout ကို ရွေးချယ်ပါ၊ ပြီးတဲ့နောက် Page Element ကို ဆက်လက်ရွေးချယ်ပြီး ပုံမှာ ပြထားတဲ့ အတိုင်း Blog Post နေရာမှာပါတဲ့ Edit ကို ရွေးချယ်ကလစ်ပြီး၊ Configure Blog Posts ဆိုတဲ့ Pop Up Windows  မှာ Show Stars Rating ဆိုတဲ့ Radio Button လေးကို ကလစ် လုပ်ပြီး Save လုပ်ပါ။
၎င်း စာမျက်နှာလေးမှာပဲ Scroll Down အောက်ကို ဆွဲချလို့ အဲဒီ Stars Rating လေးကိုလည်း မိမိထားလိုတဲ့ နေရာမှာ စိတ်ကြိုက် ရွှေ့ပြောင်း ထားရှိနိုင်ပါတယ်။

New Feature-V : Import & Export

ကျွန်တော် Blogspot ကနေ WordPress ကို ပြောင်းရွှေ့စဉ် အခါက Blogspot ဆိုတာ ကိုယ့်ပို့စ် ကိုယ်တောင် မပိုင်တဲ့ဘ၀ ဆိုပြီး ရေးသားခဲ့ဖူးပါတယ်။ အခုတော့ အဲဒီ အမြင်တွေအားလုံး ကို Blogger in Draft က ပြောင်းပြန်လှန်ပစ် လိုက်ပါပြီ။
Export Blogger
Blogger in Draft ကနေတဆင့် မိမိဘလော့ဂ်ရဲ့ Dashboard ကို သွားကာ၊ Setting စာမျက်နှာကို သွားလိုက်တယ် ဆိုရင် ပဲ Basic Submenu Tab မှာအဲဒီ Feature ကို သုံးဖို့အတွက် ခင်ဗျား မျက်လုံးတစ်စုံနဲ့ ရှင်းလင်းစွာ တပ်အပ်မြင်တွေ့ နိုင်ပါပြီ။ အရင် ဘလော့ဂ်အဟောင်း ကပို့စ်တွေကိုပဲ Import လုပ်ချင်သလား၊ အခုဘလော့ဂ် ကိုပဲ Export လုပ်ပြီး မိမိ စက်ထဲမှာ Backup လုပ်ထားချင်သလား စတဲ့ ကြိုက်ရာ Feature တစ်ခုကို ရွေးချယ် အသုံးပြုနိုင်ဖို့ အလွယ် တစ်ကူပဲ ဖော်ပြထားတာကို တွေ့ရမှာပါ။
Export Blogger XML
Export လုပ်လိုသများ အတွက်ကတော့ Export ဆိုတာကို ကလစ်လိုက်တာနဲ့ပဲ တစ်ဖက်ပါ အတိုင်း Popup Window အသေးတစ်ခု တက်လာပြီး ဘယ် ဖိုင် အမျိုးအစားနဲ့ သိမ်းဆည်းမှာလဲ ဆိုတာ မေးမြန်းပါလိမ့်မယ်။ ပုံမှန်အားဖြင့် တော့ သတ်မှတ်ချက်ဖြစ်တဲ့ .xml file Type နဲ့ သိမ်းဆည်းတာ အကောင်းဆုံးပါပဲ။
ဒီ လတ်လတ်ဆတ်ဆတ် နဲ့ တစ်ကယ်အသုံးဝင်တဲ့ Feature နဲ့ ပတ်သက်လို့ မှတ်သားဖွယ်ရာတွေကတော့ အောက်ပါတို့ပဲ ဖြစ်ကြပါတယ်။

  1. (၂) ခုနှင့် အထက် ဘလော့များကို တစ်ခုတည်း အဖြစ် ပေါင်းစည်း နိုင်ခြင်း - မိမိမှာ ရေးသားနေတဲ့ အကြောင်း အရာတူ၊ ဒါမှမဟုတ် အမျိုးအစား တူ ဘလော့ဂ် (၂) ခုနှင့် အထက် ရှိနေခဲ့ ရင် ဒီ Feature မှာ ပါတဲ့ Import function ကို အသုံးပြုပြီး ၁-ခုတည်း အဖြစ် ပေါင်းစည်းပစ်လို့ ရပါတယ်။  လတ်တလော အနေနဲ့ ကတော့ တစ်ခါ Import လုပ်ခြင်း အတွက် ခွင့်ပြုထားတဲ့ File Size Limit က 1-Mb ဖြစ်ပါတယ်။ ဒီသတ်မှတ်ချက်ထက် တိုးပြီးပေးနိုင်ဖို့ Blogger Team မှ လုပ်ဆောင်နေတယ် ဆိုတာကိုလည်း သိရပါတယ်။Import Blogger
  2. ပို့စ် တစ်ခုချင်းစီကို ရွှေ့ပြောင်းချင်း - Import လုပ်ပြီးတဲ့ အဆင့်နောက်မှာ၊ အဲဒီ Import file မှာ ပါတဲ့ ပို့စ်တွေအနက်က ကိုယ်လိုချင်တဲ့ ပို့စ်တွေကိုပဲ ရွေးချယ်လို့၊ မလိုတဲ့ ပို့စ်တွေကို ချန်ထားခြင်းဖြင့်လည်း ပို့စ်တစ်ခုချင်း စီအလိုက် Blog တစ်ခုမှ နောက် တစ်ခု သို့ လွယ်ကူစွာ ရွှေ့ပြောင်းနိုင်ပါတယ်။ အဲဒီလို ပြောင်းရွှေ့တဲ့ နေရာမှာ Blogger in Draft Team ရဲ့ အကြံပေးချက်ကတော့ တစ်ကယ်ပြောင်းမယ့် Blog ထဲကို Import မလုပ်မီ အစမ်း Blog တစ်ခုနဲ့ အရင်ဆုံး အဲဒီ Feature ရဲ့ သဘောသဘာဝတွေကို သိရှိနားလည်အောင် စမ်းသပ်ထားသင့်တယ် လို့ ဆိုပါတယ်။
  3. မိမိဘလော့ဂ်အား Backup ပြုလုပ်ခြင်း - တစ်ခါတစ်ရံမှာ မလိုလားအပ်တဲ့ အခြေအနေတွေနဲ့ ကြုံလာခဲ့ရင် အလွယ်တစ်ကူ ဖြေရှင်းနိုင်ဖို့ အတွက် မိမိရဲ့ ဘလော့ဂ်ကို အမြဲ Backup လုပ်ထားသင့်ပါတယ်။ Blogger in Draft က အဲဒီ အခြေအနေတစ်ခုကို အခု အလွယ်တစ်ကူ ရယူနိုင်အောင် ဖန်တီးပေးလိုက်ပါပြီ။ ထူးထူး ထွေထွေ လုပ်စရာ မရှိပါဘူး။ ဒီ Feature မှာ ပါတဲ့ Import ဆိုတာ ကိုပဲ ပုံမှန် ကလစ် ပြီး သိမ်းဆည်းပေးရုံနဲ့ ခင်ဗျားရဲ့ လက်ရာတွေ၊ စာကောင်းပေမွန်တွေကို စိတ်ချလက်ချ သိမ်းဆည်းထားလို့ ရစေပါမယ်။ လတ်တလောအားဖြင့် တော့ ဒီ Import သို့ Backup Feature မှာ Template file တွေ၊ Widget တွေ မပါသေးပါဘူး။ မိမိရေးသားခဲ့ သမျှ ပို့စ်တွေနဲ့ မှတ်ချက်တွေ (Comments) တွေပဲ ပါဦးမှာ ဖြစ်ပါတယ်။ [အမှန်တော့ အဓိက ကလည်း ဒါပါပဲဗျာ။ Template က Edit HTML Page ကနေလည်း ဒေါင်းလုဒ် လုပ်လို့ ရနေတာပဲ မဟုတ်လား။ ;) ]
  4. ခင်ဗျားရဲ့ ဘလော့ဂ်ကို တစ်နေရာရာ ပြောင်းချင်ရင် - အခု Blogger in Draft က လက်ရှိပေးထားတဲ့ Export File Type အမျိုးအစား ဟာဆိုရင် Standard Atom XML ဖိုင် အမျိုးအစားဖြစ်ပါတယ်။ အဲဒီ အမျိုးအစား ဖိုင်တိုပ် ကိုပဲ တစ်ခြားသော Blogging Platform တွေမှာလည်း Import လုပ်ဖို့ အတွက် ခွင့်ပြုပေးထားတာကို (အနီးစပ်ဆုံး ဥပမာ ပေးရရင်) WordPress User တွေ သိရှိပြီးသား ဖြစ်မှာပါ။ အဲဒီတော့ လိုရင်းကတော့ ဒီ Export File လေးကို အလွယ်တစ်ကူ ဒေါင်းလုဒ် လုပ် သိမ်းဆည်းနိုင်တဲ့ အတွက် တစ်ချိန်ချိန်မှာ Blogger ကနေ တစ်ခြား Blogging Platform တစ်ခုခုကို ပြောင်းချင်လာပြီ ဆိုရင်တောင် အလွယ်တစ်ကူ ပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေး တစ်ခုကို အလိုအလျောက် ရရှိစေပါပြီ။
အထက်ပါ အကြောင်း အရာတို့ ကတော့ ကျွန်တော် လေ့လာမိသမျှ နဲ့ ကျွန်တော့် ယူဆချက်တွေ အရ အထူးအရေးကြီးလို့ သတ်မှတ်ထားတဲ့ Blogger in Draft တစ်ဖြစ်လဲ Blogger.Com ကြီးရဲ့ အဓိက ပြုပြင်ပြောင်း လဲမှု တွေ အကြောင်းပဲ ဖြစ်ပါတယ်။ ဒီ Feature အသစ်တွေကို ရယူ အသုံးပြုနိုင်မှု တွေနဲ့ တင် Blogger.Com ဟာလည်း သူ့ရဲ့ စားသုံးသူတွေကို ဆက်လက် ဆွဲဆောင်ထားဖို့၊ အလွယ်ကူဆုံး Blogging Software တစ်ခု အဖြစ် ဆက်လက် ရပ်တည် နိုင်ဖို့ အပြင်းအထန် အားထုတ်နေတယ် ဆိုတာ သိသာနိုင်ပါတယ်။ Blogger.Com ရဲ့ User ဖြစ်တဲ့ Blogger တွေ အနေနဲ့လည်း ဒီ အသစ်သော၊ လတ်ဆတ်သော၊ အသုံးဝင်သော ရင်ခုန်ဖွယ် Feature တွေ အပေါ်မှာ ၀မ်းမြောက်စွာနဲ့ ကြိုဆိုလျက် ရှိကြမယ် ဆိုတာ မှားနိုင်လိမ့်မယ် လို့ ကျွန်တော် မထင်ပါဘူး။ :D
ဒီနေရာမှာ တစ်ခု ကျွန်တော် ပြောစရာ ရှိတာကတော့ အမှန်တစ်ကယ် အရေး အကြီး ဆုံးလို့ ဆိုနိုင်တဲ့ နောက်ဆုံး Feature ကြီး တစ်ခု အကြောင်း ရေးသားဖို့ ကျန်သေးတယ် ဆိုတာပါပဲ။ ဘာအကြောင်း အရာလဲ ဆိုတော့ ဘလော့ဂါတိုင်းနဲ့ မသိမဖြစ်၊ မသုံးမဖြစ် သုံးနေရပြီး ရင်းနှီးကျွမ်းဝင်နေတဲ့၊ Blogger in Draft က အခု နည်းပညာ အသစ်နဲ့ ထပ်မံထုတ်လုပ် လိုက်ပါတယ် ဆိုတဲ့ Feature အသစ်ပေါင်း မြောက်များစွာ ပါဝင်တဲ့ Post Editor အကြောင်းပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တစ်ကယ်လို့ ကျွန်တော် အဲဒီ အကြောင်းကို ယခု၊ ဒီနေရာမှာ ဆက် ရေးလိုက်ရင် ၄င်း တစ်ခုနဲ့တင် အပေါ်က ရေးပြီးခဲ့သမျှ စာလုံးရေ နီးပါး၊ ရှင်းလင်းချက်တွေ နီးပါးလောက်နဲ့ ပြန်ရေးရ၊ ရှင်းပြရမှာ ဖြစ်ပြီး စာဖတ်သူတွေ ပျင်းရိငြီးငွေ့ပြီး အိပ်ပျော်ခြင်း အဖြစ်ကို ရောက်သွားမှာ စိုးတဲ့ အတွက် (ကျမ်းလေးအံ့စိုး၍ ပေါ့ဗျာ :D ) ချန်ရစ်ခဲ့ပါတယ်။ နောက်နောင် အကြောင်း တိုက်ဆိုင်လို့ ကြုံကြိုက်တဲ့ အခါ အဲဒီ New Post Editor အကြောင်း ကို ရေးပါဦးမယ်။ ယခုလောလောဆယ်တော့ စိတ်ပါဝင်စားသူတွေ အနေနဲ့ Blogger in Draft က မူရင်းပို့စ် ကိုပဲ သွားရောက် ဖတ်ရှု၊ လေ့လာဝေဖန်၊ သုံးသပ်ပြီး အသုံးပြုတော် မူကြပါလို့ပဲ တိုက်တွန်းလိုက်ပါရစေ.။ :)
နောက် ကျန်ရှိနေသေးတဲ့ SEO အတွက် အရေးပါတဲ့ Web Master Tools များ အကြောင်းတို့ ကိုလည်း စိတ်ပါ ၀င်စားသူများ အနေနဲ့  Blogger in Draft official Blog ရဲ့ မူရင်းဆောင်းပါး များမှာ သွားရောက် လေ့လာ ဖတ်ရှုနိုင်တဲ့ အကြောင်း သတင်းလက်ဆောင် ပါးလိုက်ပါရစေ။ :) 
ကျေးဇူးစကား - ၁၀၀ မြောက် ပို့စ် အတွက် မေတ္တာအားဖြင့် လိုဂိုကူညီ ရေးဆွဲပေးသူ The Unrivaled ဂိုဏ်းမှ ရောင်းရင်းကြီး DanFader အား ကျေးဇူး အထူးတင်ရှိပါကြောင်း။ :D 

ရည်ညွန်းကိုးကား

Read More...
AddThis Social Bookmark Button

ကိုယ်နှစ်သက်တဲ့ Site လေးတွေကို ဒီလိုစောင့်ဖတ်မယ်...  

Contributor: ရန်အောင်

အားလုံးပဲ မင်္ဂလာပါ.

ဒီတစ်ခါမျှဝေချင်တာကတော့ ကိုယ့်ရဲ့ သူငယ်ချင်း (သို့မဟုတ်) ကိုယ်အမြဲဖတ်လေ့ရှိတဲ့ ဘလော့ဂ်လေးတွေ၊ ၀က်ဘ်ဆိုက်လေးတွေမှာ ဘာပို့စ်အသစ်တွေတက်ပြီလဲ၊ ဘယ်တုန်းကတင်လိုက်ပြီလဲ ဆိုတာကို စောင့်ကြည့်လို့ရတဲ့ Widget လေးတစ်ခု အကြောင်းပါ.

ဘာလဲဆိုတာ အရင်ဆုံးသိချင်တယ်ဆိုရင်တော့ ကျွန်တော့်ဘလော့ဂ်ရဲ့ ဆီဘောက်စ်အောက်နားလေးမှာ တင်ထားတဲ့ “Latest News/Posts” ဆိုတာလေးကို ကြည့်လိုက်ပါခင်ဗျာ….

Hack လုပ်ထားတာ မဟုတ်သလို သုံးရတာ ခဲယဉ်းခြင်းလည်း မရှိပါဘူး။ အရမ်းကို လွယ်ကူရိုးရှင်းပါတယ်. ဘာလို့လဲဆိုတော့ ဒီ widget လေးကို Blogger ကိုယ်တိုင်က လုပ်ပေးထားတာမို့ပါ. ယူသုံးရုံပါပဲ. ဒါပေမယ့် မသိသေးသူတွေ ရှိကောင်းရှိနိုင်တာမို့ ကျွန်တော်က လူသိများအောင် လုပ်ပေးလိုက်တယ်လို့ပဲ မှတ်ယူစေချင်ပါတယ်.

ကဲ. ဘယ်လိုလုပ်ရမလဲဆိုတော့ ဒီလိုလုပ်ပါခင်ဗျာ.

Layout>Add a page element ကိုသွားလိုက်ပါ. ဒီလိုလေး ပေါ်လာပါလိမ့်မယ်.



Blog List ဆိုတာလေးကို ရွေးလိုက်ပါ. ဒါမျိုးလေး ထပ်ပေါ်လာပါလိမ့်မယ်.



လက်ကလေးနဲ့ ထောက်ပြထားတဲ့ "Add a blog to your list" ဆိုတာလေးကို ရွေးလိုက်ပါ.



ပေါ်လာတဲ့ ကွက်လပ်ကလေးထဲမှာ ကိုယ်ဖတ်ချင်တဲ့ ဘလော့ဂ် (သို့) ၀က်ဘ်ဆိုက်ရဲ့ URL လင့်ခ်လေးကို ထည့်ပေးလိုက်ရုံပါပဲ.

ဒါဆိုရင် ပြီးပါပြီ. ဟုတ်ကဲ့. အဲသလောက်ကို လွယ်ပါတယ်.

နောက်တစ်ခုသတိထားရမှာကတော့ ကိုယ်က ထည့်ကောင်းကောင်းနဲ့ လင့်ခ်တွေ အများကြီးထည့်နေမိရင် ကိုယ့်ဘလော့ဂ်လေးမှာ ရှုပ်ရှက်ခတ်ကုန်တော့မှာပေါ့. အဲဒီ့တော့ ခုနက Widget လေးမှာပဲ Show ဆိုတဲ့ Drop Down Menu Box လေးကို ဖွင့်ကြည့်လိုက်ပါ. Default ပေးထားတာက All Blogs ပါ. ကျန်တဲ့ ရွေးချယ်စရာ options တွေကတော့ 5 blogs, 10 blogs, 25 blogs တွေပါ. မိမိနှစ်သက်သလို ရွေးချယ်နိုင်ပါတယ်. 5 blogs ကတော့ လုံလောက်ပါတယ်. ကျန်တာတွေကို Show all ခေါက်လိုက်ရင် ပေါ်လာမှာမို့ စိတ်ပူစရာမလိုပါဘူး.



Sort မှာတော့ Alphabetically (အက္ခရာအလိုက်) စဉ်မလား၊ Most Recently Updated (နောက်ဆုံးတင်တဲ့ပို့စ်အလိုက်) စဉ်မလားလို့ မေးထားပါသေးတယ်. Most Recently Updated က ပိုကောင်းပါတယ်. ဒါမှ နောက်ဆုံးတင်လိုက်တဲ့ ပို့စ်လေးတွေကို အလျင်မီအောင် လိုက်ဖတ်လို့ရမှာလေ.

ကဲဗျာ. ဒီတော့ ကျန်တာတွေကို ဥာဏ်ရှိသလို သုံးလို့ရပါတယ်. တစ်ခုတော့ ရှိတယ်နော်. လင့်ခ်ပေးတိုင်း ကောက်ထည့်လို့ရတာမဟုတ်ဘူး. သက်ဆိုင်ရာ ဘလော့ဂ်တွေ၊ ၀က်ဘ်ဆိုက်တွေမှာ RSS ရှိဖို့လိုပါတယ်. မြန်မာဘလော့ဂ်တွေကတော့ လင့်ခ်လေး ကောက်ထည့်လိုက်ရုံနဲ့ ရပါတယ်. တစ်ခြားသတင်းဘလော့ဂ်တွေ (ဥပမာ. CNN, BBC...etc..) တွေကိုတော့ သူတို့ပေးထားတဲ့ RSS Link လေးကို လိုက်ရှာပြီးမှ ထည့်လို့ အဆင်ပြေပါမယ်. Feedburner နဲ့ RSS တွေ အကြောင်းကို ကျွန်တော်နောက်တစ်ခေါက် အကျယ်ချဲ့ပြီး ထပ်ဆွေးနွေးပေးပါဦးမယ်.

ကဲ. ဘယ်သူတွေ ဘာတွေရေးနေကြတယ်ဆိုတာကို မျက်ခြည်မပြတ် စောင့်ဆိုင်း ဖတ်ရှုလေ့လာနိုင်ကြပါစေဗျား....

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Read More...
AddThis Social Bookmark Button